မြန်မာလူမျိုးများအတွက်ဖျော်ဖြေရေး ဗီဇာ

ဖျော်ဖြေရေး ဗီဇာကို ရရှိရန်အတွက် စည်းမျဉ်းဥပဒေအရ ၊ ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် မိမိနိုင်ငံအတွင်းရှိ ဂျပန်သံရုံး စသည့် နှစ်နေရာတွင် စစ်ဆေးခြင်းကို ခံယူရပါမည်။

【STEP 1】
နိုင်ငံခြားသားများ တိုင်းတပါးသို့ရောက်ရှိနေချိန်တွင် ဂျပန်လူဝင်မှုကြီးကြပ်ရေး၌ COE [ Certificate of Elegibility ]ရရန်အတွက်လျှောက်တင်ရပြီး ခွင့်ပြုချက်ရလျှင် ၎င်း COE ကို ပို့ပေးပါသည်။

【STEP2】
တိုင်းတပါး၌ရောက်ရှိနေသော နိုင်ငံခြားသားများအတွက် COE ကို EMS ဖြင့် ပို့ပေးပါသည်။

【STEP 3】
COE လက်ခံရရှိပြီးသောနိုင်ငံခြားသားများ အနေဖြင့် မိမိနိုင်ငံရှိဂျပန်သံရုံးသို့သွားရောက်၍ ဗီဇာ ရရှိရန် လျှောက်တင်ရပါမည်။
ခွင့်ပြုချက်ရရှိလျှင် လျှောက်ထားသူ၏ Passport ၌ seal တုံးထုပေးပြီး ဗီဇာ ရိုက်နှိပ်ပေးပါမည်။

【STEP 4】
ဂျပန်သို့ရောက်ရှိ လာချိန်တွင် ၎င်းCOE နှင့်အတူ ဗီဇာ ရိုက်နှိပ်ထားသော Passport ကို ဂျပန်လေဆိပ်၌ ပြသရန်လိုအပ်ပါသည်။
ဂျပန်နိုင်ငံသို့ဝင်ရောက်ခွင့်ပြုပြီးပါက ၎င်းစာရွက်စာတမ်းကို ပြန်လည် သိမ်းဆည်ပါမည်။