မြန်မာနိုင်ငံသားများအတွက် သူနာပြု ဗီဇာ လျှောက်ခြင်း
ယနေ့ခေတ်တွင် သက်ကြီးရွယ်အို ဘိုးဘွားများ နေ့စဉ်နှင့်အမျှ တိုးပွားလာခြင်းအပေါ်၌ ပြုစုစောင့်ရှောက်ပေးနိုင်သော သူနာပြု အရေအတွက် အလုံအလောက်မရရှိဘဲ ကျဆင်းလျက်ရှိပါသည်။
ယခုကဲ့သို့သော အခြေအနေမျိုးကြောင့် နိုင်ငံခြားသားများအတွက် ဗီဇာ [ သူနာပြု ဗီဇာ ]ဟူ၍ အသစ် သတ်မှတိလိုက်ပြီး social services အနေဖြင့် အလုပ်လုပ်နိုင်ရန် အတွက် လူဝင်မှုကြီးကြပ်ရေးကော်မတီမှ အသစ်ပြုပြင် ဆုံးဖြတ် အတည်ပြုပေးခဲ့သည်။
ထို့ပြင် ဤ[ သူနာပြု ဗီဇာ ] လိုအပ်ချက် အနေဖြင့် သူနာပြု social service အရည်အချင်းလိုအပ်သော်လည်း ခံစားခွင့်ရှိသော ဆုကြေးပမာဏသည်လည်း ဂျပန်လူမျိုးများ ရှိသကဲ့သို့ တူညီနိုင်ပြီး ထျုထက်ပိုသော ဆုကြေးများလည်း ရရှိနိုင်သောကြောင့် မညီမျှ နည်းပါးသော လုပ်အားခကို ရလိမ့်မည်ဟု ထင်မှတ်စရာ မလိုတော့ပါ။
ထိုအကြောင်းပြချက်တွေကြောင့် သူနာပြု နယ်ပယ်၏ အနာဂတ်သည် လင်းလက်တောက်ပလာပြီး ရှေ့ဆက်ရမည့် အလား အလာ ကောင်းလာနိုင်သဖြင့် တကမ္ဘာလုံးမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလာပလိမ့်မည်။
ပညာအရည်အချင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း အတွက်ဆွေးနွေးတိုင်ပင်ခြင်းကိုလည်း လက်ခံဆောင်ရွက်ပေးနေပါသောကြောင့် ရှေ့ဆက်ရမည့် အနာဂတ် အတွက် တိုင်ပင်ဆွေးနွေးချင်သော လူကြီးမင်းတို့ကို မျှော်လင့်စောင့်ဆိုင်းနေပါမည်။